Harley-Davidson® of Mandalay, Myanmar
No-27, Shartawlay Ward Natyaykan Group, Amarapura Township, Mandalay Division
Latest news

Ride together Harley-Davidson. H.O.G Ride & ServiceTalk On Tour.

Harley-Davidson of Mandalay, Myanmar ၏ ServiceTalk on Tour အစီအစဉ်နဲ့ H.O.G Mandalay Chapter Myanmarရဲ့ ပထမဆုံး ခရီးစဉ်အား ပါဝင်လိုက်ပါ စီးနင်းပေးကြသော H.O.G အဖွဲ့ဝင် ညီအစ်ကိုများအားလုံးနှင့်တကွ H.O.G အဖွဲ့ဝင်မဟုတ်သော်လည်း ပိုမိုပြီး မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်အောင် ဝိုင်းဝန်းပေးကြသော MCအဖွဲ့များနှင့် Solo Riders  များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

 အစားအသောက်နဲ့ နေရာထိုင်ခင်းများ ကူညီစီစဉ်ပံ့ပိုးအားဖြည့်ပေးပါသော Feel Restaurant (Pyin Oo Lwin)နှင့် The View Resort မှ ဦးစိုးမြင့်နှင့်မိသားစု၊တာဝန်ရှိပုဂ္ဂိုလ်များနှင့် စေတနာထားလုပ်
ကိုင်ပေးကြပါသောတာဝန်ရှိဝန်ထမ်းအားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်။

 နောက်နောင် Harley-Davidson of Mandalay, Myanmar မှစီစဉ်သော H.O.G Tripများ၊ Events များကိုလည်း ပျော်ပျော်ပါးပါး ပူးပေါင်းပါဝင်ဆင်နွှဲပေးဖို့ တောင်းဆိုရင်း ဒီနေ့အစီအစဉ်များမှာ လိုအပ်ချက်များ လုပ်မှားကိုင်မှားပြောမှားဆိုမှား၊အဆင်မပြေမှုများရှိခဲ့ပါက ခွင့်လွှတ်သည်းခံပေးကြပါရန် Harley-Davidson of Mandalay, Myanmar ညီအစ်ကိုများမှ ချစ်ခင်လေးစားစွာဖြင့်ကျေးဇူးမှတ်တမ်းတင်အပ်ပါသည်။